Thursday, June 11, 2009

အချစ်

အချစ်
ပိုင်ရှင်ရှိပြီးသားပန်းလေးတပွင့်ကို
လှမ်းလင့်လို့မယူလိုပါဘူး
မော်ဖူးနေခွင့်လေးပဲလိုချင်တာပါ။

ပိုင်ရှင်ကစွန့်ပစ်သွားဖို့
အတ္တကြီးစွာမမျှော်လင့်ရက်ပါဘူး
မြေပြင်ပေါ်သက်ဆင်းမခစေရဖို့တော့
အသက်ချင်းလဲပြီးတောင်စောင့်ရှောက်သွားမှာပေါ့။

တန်ဖိုးထားပြီးပန်ဆင်သူဆီမှာ
ပန်းကလေးမင်းကြာကြာစံနိုင်ပါစေ။

တန်ဖိုးရှိတဲ့မင်းဘ၀ထဲမှာ
မော်ဖူးနေသူ ငါ့အတွက်နေရာ
မင်းမပေးနိုင်တာအားမနာပါနဲ့။

ငါကိုယ်တိုင်က
မင်းဆီအရောက်နောက်ကျခဲ့တာမို့
ဒီဘ၀လောက်နဲ့ပဲကျေနပ်နေပါ့မယ်။

ဘာကိုမျှငါမပိုင်ဆိုင်ရရင်တောင်
သတိရခွင့် ၊ လွမ်းနေခွင့်လေးတော့
ရှိနေသးတာကျေးဇူးပါ။

0 comments:

Template by : kendhin x-template.blogspot.com