Thursday, June 11, 2009

ချစ်သူသိစေလို

ချစ်သူထံသို့ 
ရင်နှင့်အမျှ
တွယ်တာမြတ်နိုး
နှလုံးသာစတေးကာ
ချစ်ရသောသူလေးရေ......
အလွမ်းဟူသမျှ
ရင်မှာပိုက်ကာ
သတိရတိုင်း
အလွမ်းပုလဲ
မျက်ရည်ဥများ
ခိုခဲ့ရသည်............
အမုန်းဟူသမျှ
လွှင့်ပစ်ခဲ့ကာ
အကြင်နာဟူသမျှ
သူ့ ကိုပေး၏...............
အတွယ်အတာဟူသမျှ
သူတစ်ယောက်တည်းပါ...................
ဒါကိုချစ်သောသူလေး
သိပါစေသား
ဘုရားရည်စူး
ဆုခြွေပါ၏....................

0 comments:

Template by : kendhin x-template.blogspot.com