Thursday, June 11, 2009

အိမ်

အိမ်

အိမ် ........ကမ္ဘာမြေမှာ ခိုလှုံ၇ာခေါ်ဆိုတဲ့အိမ် ..ရံရွေလယ် ထယ်ဝါစွာ ဆင်စွယ်နန်းအိမ်...ကျူထရံတွေ ကာရံကာဓနိမိုးအိမ်.. နှလုံးသားတွေ နွေးထွေး၇င် ဒါဟာလည်းအိမ်..အိမ်တစ်အိမ်မှာ မှီတည်၇ာဘာသာတ၇ားတွေ...ကမ္ဘာမြေကိုဖြူစင်စွာအကြင်နာမျှဝေ...ပိုင်ဆိုင်ရာတွယ်တာရာဒီရင်သွေးတွေ...ဆည်းလဲသံလှိုက်ခက်စဉ် ဒီချစ်ခြင်းတွေ....အိမ်ပြင်မှာဝါပင်တွေကိုယ်တိုင်စိုက်မယ်..ကိုယ်တိုင်ငင် ဝါချည်မျှင် ဖျင်တဘက်ရယ်...အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့ စပါးရိတ်ချိန် ဝိုင်းဖွဲ့ မယ် ဆန်အရက်ရယ်...ဒီအချိန်ဆို အိမ်ကပြင်မှာ ကဗျာတွေရွတ်မယ်..လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်...ရင်ခွင်မှာကြင်နာသူချိုအနမ်းရယ်...ချစ်မိတ်ဆွေစည်းချက်ညီ အတူတူကမယ်....ကလေးလေးတွေနွေးထွေးဖို့ လေ..ကမ္ဘာမြေမှာ အိမ်တစ်အိမ်ဆောက်ကြမယ်လေ...မြင့်မြတ်ခြင်းတွေ၊နွေးထွေးခြင်းတွေ ကမ္ဘာမြေမှာ ညင်သာစွာစီးဆင်းဖို့ လေ...ရင်ခွင်မှာရှင်သန်ရာခိုမှီရာ အိမ်တစ်အိမ်ကို ကမ္ဘာမြေမှာတည်ဆောက်ကြမယ်..အဆောင်အယောင်တွေမဆင်ရင်စေ ရင်ခွင်အိမ်ပျော်ရွှင်ပါစေ...ဒဏ္ဍာရီရာဇဝင်လို ဝိညာဉ်အိမ် စိန်စီရာ ရတနာခြယ်သိင်္ဂါရီအိမ်.....တစ္ဆေတစ်ကောင် ဟန်ဆောင်သလို မာယာကင်းမဲ့ မနာလိုတဲ့မစ္ဆရိယ ချည်နှောင်မှုမဲ့ ကံစီရင်ယုံကြည်စွာ ကမ္ဘာမြေမှာ တို့ အိမ် ငါတို့ အိမ်..ရဲရင့်လိုက်ချစ်တဲ့အိမ် တို့ဆောက်ကြမယ်လေ...........

0 comments:

Template by : kendhin x-template.blogspot.com