Wednesday, July 29, 2009

Forever

Every night I pray,
I will have you someday,
Wish today was tomorrows;
So now I could see you.
I will count the stars tonight;
Hope with all my might;
Then when I close my eyes,
I will be right by your side.
I have cried a thousand times,
Since we haven't been together;
But you made me smile all the time,
It will always remain the same,
In my heart forever.


Sunday, July 26, 2009

ဆုံနိုင်ခွင့်

တစ်မြေစီခြားနေတဲ့
နှစ်ဦးသားဘဝမှာ
မသေချာတဲ့မနက်ဖြန်တစ်ခုက
မှိန်ပြပြဆုံနိုင်ခွင့်ဆိုတာကို
မျှော်လင့်ခြင်းမီးအိမ်လေးထွန်းပြီး
ငါရှာမိတယ်..
ဒီအချိန်မှာ
ငါ့ရဲ့ အမြဲတမ်းမိတ်ဆွေကတော့
မျက်ရည်နဲ့  ငိုကြွေးခြင်းပေါ့
အထီးကျန်လှတဲ့ဘဝမှာ
အလွမ်းရဲ့ ထိုးနှက်မှုကြောင့်လဲ
အကြိမ်ကြိမ်ပြိုလဲခဲ့ရတယ်
ငါ့ရဲ့ အိပ်စက်ခြင်းတွေသူဖျက်စီးလို့ 
အိပ်ပျက်ညတွေသူဖန်တီးတယ်
တရေးတမှိတ်အိပ်ပျော်ခဲ့စဉ်
တမ်းတခြင်းအိပ်မက်ဆိုးတွေ
သူလက်ဆောင်ပေးပြန်တော့
အဖော်မဲ့ဘဝကငါ့မှာ
အလူးအလဲပေါ့
ရက်စက်စွာပိုင်းခြားထားတဲ့
ပင်လယ်ပြာနဲ့ တောင်တန်းများ
ဖြတ်ကျော်နိုင်တဲ့ စွမ်းအား
ငါမပိုင်ဆိုင်ပေမယ့်
နှလုံးသားကပေးတဲ့အင်အား
မင်းကိုချစ်တဲ့အချစ်များကြောင့်
စမ်းတဝါးဝါး မနက်ဖြန်တွေထဲက
ဆုံနိုင်ခွင့် ခလုတ်တိုက်မိမယ့်
တစ်ခုသောမနက်ဖြန်ကိုမျှော်လင့်ရင်း
မင်းအတွက်ငါရင်ခုန်နေဦးမယ်....

ပျော်ရွှင်မှု့ 

လူတစ်ယောက်ပါ..
မေတ္တာသွယ်ယှက်...
မျှော်လင့်ချက်ကြောင့်
အသက်ရှင်ရ
တစ်ဘဝမှာ...
သစ္စာမယိုင်...
အချစ်ခိုင်မြဲ
တစွဲတလန်း
တတမ်းတတ
နောင်တမလွန်
အဆုံးစွန်ထိ

ကျိုးနွံချစ်မြတ်
ကိုးကွယ်အပ်နှင်း
မောင့်ချစ်ခြင်းကို
မငြင်းမဆန်
မင်းသာလက်ခံပါလျှင်
တို့ လေ....
သေပျော်နေပျော်
ကမ္ဘာပေါ်မှာ.....

လွမ်းပွင့်

အလွမ်းနှစ်ကြာလျှင်
ပန်းသေတ္တာတွင် ပန်းတွေပြည့်
မလွမ်းလောက်လေသလား....
ပန်းခြောက်တွေမကြွေသေးတာတော့
အနေဝေးကာတို့ တွေခွဲရင်လဲ(လည်း)
ရင်ထဲကို သခင်လှပ်ပါလို့ 
မြင်တတ်အောင်ကြည့်လှည့်ပါ...
မြင်နိုင်ပါစေလို့ လဲ
ဆုတောင်းနေမှာပါ....
အိုဘယ့်ချစ်ရတဲ့ချစ်သူသခင်....။

Saturday, July 25, 2009

ရီဝေငိုက်မြည်းနေတဲ့...
ငါ့ရဲ့ နှလုံးသားဟာ....
အချစ်ဆိုတဲ့အရာကို မခံစားရဘူးလို့ 
ထင်မြင်နေခဲ့တာ....
မ.....ကိုတွေ့ တော့မှပဲ..
ရှိန်းတိန်းတိန်းနဲ့ ...
အစဉ်ငေးမောရင်း
ကြည်နူးနှစ်သိမ့်နေတဲ့
အချစ်ရူးလေးကျွန်တော်ပေါ့....

အချစ်ဆိုတာ

အချစ်တဲ့......
အချစ်ကိုမသိခင်တုန်းကပေါ့...
အချစ်ကိုမသိပဲလူတွေကိုချစ်ခဲ့ဖူးတယ်....
ပြီးတော့ပြောလိုက်သေးတယ်....
အချစ်ကပူလောင်တယ်တဲ့...
အချစ်တဲ့....
သိလာရတယ်.............
ရင်ခုန်တယ်...
ပျော်တယ်.......
ကြည်နူးတယ်..........

ခံစားချက်တွေလည်းအများကြီး...
ဆက်ရန်တွေလည်းရှိနေဦးမယ်...
အချစ်ကိုသိမှ အချစ်ဆိုတာကိုချစ်လာခဲ့တယ်....
တကယ်တော့.....
အချစ်ဆိုတာ.....
မပူပါဘူး....
နွေးနွေးလေးနဲ့ အေးမြနေတာပါ..။

Friday, July 24, 2009

တွယ်ရာမဲ့

တွယ်ရာမဲ့ ငါ့စိတ်တွေ
ညဥ့်နက်နက်ထဲ ခရီးလွန်ပေါင်းများပြီ
ခိုနားစရာမရှိတဲ့မင်းဆီ
စားရမယ့်သောက်ရမယ့် ဘာလို့ တေလေနေကြပါလိမ့်
မိုးသောက်ကို မင်းတို့ နဲ့ အတူကြိုဆိုချင်လို့ ပါကွာ...။
မနက်ဖြန်မှာ ဘဝသစ်ကိုသွားစရာရှိသေးတယ်လေ.....။

ကိုယ့်ရဲ့ အိမ်

မေတ္တာတွေနဲ့ ...မိုး
အချစ်တွေနဲ့ ....ကာရံ
သံယောဇဉ်နဲ့ ...ချည်နှောင်ထားတဲ့
ကိုယ့်ရဲ့ ဂေဟာလေး
မင်းအတွက်နွေးထွေးပါ့မလားကွယ်.....။
မင်းနွေးထွေးဖို့ 
ကိုယ့်ရင်ခွင်မှာကြင်နာမှုတွေတော့ ခင်းထားရဲ့ ..။
ပြန်မယ်ဆိုရင်
ကိုဘယ်လိုတားရက်ပါ့မလဲ...
တိတ်တိတ်လေးတော့ ထွက်သွားပေးပါနော်....
ယိုင်နဲ့ နဲ့  ကိုယ့်ရဲ့  အသည်းတွေကြွေမှာစိုးလို့ ပါကွယ်..။

Saturday, June 13, 2009

ချစ်သူ နှင့် ရည်းစား

ချစ်သူ နှင့် ရည်းစား

ရည်းစား .....♥♥♥
ရည်းစားဆိုတာတစ်ခဏတာလက်တွဲရတဲ့ သူ...........လို့ ဘာသာပြန်ချင်တယ်...... ဘာလို့လဲဆိုတော့ရည်းစားဘဝကရည်ရွယ်ချက်မရှိဘူး....... တာဝန်မရှိဘူး.........သူ့အနာဂတ်မှာလည်းသူမရှိဘူး...... ကိုယ့်အနာဂတ်မှာလည်းသူလုံးဝမရှိပါဘူး........ သူပြတ်ရင်ကိုယ်ပြတ်လို့ရတယ်.....အတားအဆီးမရှိဘူး........ ရည်းစားထားတယ်ဆိုတာသူငယ်ချင်းတွေရှေ့မှာမော်ကြွားယုံ........ ပန်းခြံတွေလျှောက်လည်ယုံလောက်နဲ့တင်အဆုံးသတ်သွားပါပြီ............ ပြောရရင်သူနဲ့ကိုယ်အတွယ်အတာဘာမှမရှိပါဘူး........ ဒီတစ်ယောက်ပြတ်ရင်နောက်တစ်ယောက်ပါ........ တစ်ချို့ဆိုရည်းစားဘဝမှာတင်ဘဝကိုစတေးလိုက်ရတာတွေရှိပါတယ်...... အင်း.......ရည်းစားထားပြီဆိုရင်တော့ရည်းစားကို ရည်းစားနဲ့တူအောင်ထားဖို့တော့လိုအပ်တာပေါ့နော်........... ဘယ်လိုပဲဖြစ်ဖြစ်ရည်းစားအဆင့်နဲ့တော့ဘဝကို တည်ဆောက်လို့မရတာတော့သေချာတယ်....... ရည်းစားမှာအဆုံးသတ်မရှိဘူး......ကြိုက်သလောက်ထားကြတယ်.......

♥♥♥ ချစ်သူ.........♥♥♥
လူတစ်ယောက်ကဘယ်လောက်ပဲရည်းစားထားခဲ့ပါစေ...... နောက်ဆုံးတော့သူတစ်ကယ်ချစ်တာချစ်ခဲ့တာတစ်ယောက်ပဲရှိပါတယ်........ ချစ်သူကိုတော့တစ်ဘဝလုံးအတွက်ပုံအပ်ပြီးလက်တွဲရမယ့်သူလို့ ရွေးချယ်လိုက်တဲ့သူကိုချစ်သူလို့ဘာသာပြန်ပါရစေ........ ရင်ထဲကအချစ်စစ်....၊အချစ်မှန်.....၊မြတ်နိုးတွယ်တာမူတွေနဲ့ တည်ဆောက်ထားတယ်........သူ့မှာတော့ရည်ရွယ်ချက်ရှိလာပြီ..... အနာဂတ်ရှိလာပြီ........သူနဲ့ကိုယ်လက်ထပ်ပြီးရင်ဘာလုပ်ကြမှာလဲ....... ဘယ်လိုနေမှာလဲ.......အများကြီးပေါ့........... သူကအဆက်ဖြတ်သွားရင်တောင်ကိုယ့်မှာအနာဂတ်ပျောက်သွားနိုင်တယ်....... ဘဝဆုံးပြီးအသက်ပါဆုံးသွားတတ်တယ်............ ချစ်သူမှာလှတာမလှတာမရှိဘူး.......ဂုဏ်မရှိဘူး.....မာန်မာနကင်းမဲ့တယ်........ တစ်ယောက်ကိုတစ်ယောက်နားလည်မူအပြည့်ရှိတယ်........ ဘာဆိုဘာမှမရှိဘူး.......သူ့ကိုချစ်နေရရင်ပဲကျေနပ်နိုင်တယ်...... သူကိုလည်းပြန်ချစ်စေချင်တယ်....ကိုယ်ချစ်သလောက်ပေါ့......... သံယောဇဉ်တွေမေတ္တာတွေတွယ်တာမူတွေတမ်းတမူတွေ သတိရမူတွေအားလုံးပါဝင်နေတယ်.......... ချစ်သူအဖြစ်တစ်ယောက်ယောက်ကိုရွေးချယ်လိုက်ပြီဆိုရင်တော့ သူနဲ့ပတ်သတ်ရင်အရာရာကိုရင်ဆိုင်နိုင်ရမယ်.......... သူဘာပဲလုပ်ခဲ့.....လုပ်ခဲ့ခွင့်လွှတ်နိုင်ရမယ်...... ခွင့်လွှတ်နိုင်လောက်တဲ့အတိုင်းအတာထိပေါ့ဗျာ......... သူကိုပျော်ရွင်မူတွေပေးရမယ်.......သူနဲ့တွေ့ရင်ရင်တွေခုန်နေတာပေါ့....... သူ့ကိုတန်ဖိုးထားတတ်ရမယ်........တစ်ချို့ဆိုချစ်သူနဲ့ပတ်သတ်တဲ့ အရာအားလုံးကိုအချိန်...နာရီ....မိနစ်.....စက္ကန့်တောင်မလွဲအောင် တန်ဖိုးထားတတ်ကြတယ်......နောက်ဆုံးတော့ ချစ်သူအဖြစ်ကနေလက်တွဲပြီးဘဝကိုတည်ဆောက်ကြတာပေါ့.......♥♥

ကျွန်တော်အလည်အပတ်ရောက်ရှိခဲ့တဲ့ အကိုတော်တစ်ယောက်ရဲ့ 
ဆိုဒ်ကပါ...သဘောကျလို့ ကူးထားတာပါ.....

Friday, June 12, 2009

Let It Fall

Let It Fall

One more anti-hero worship
from the depths
of some enigmatic fool
that left the suburbs
for the open fields
of post modern flight from hell.
No, not from the quakes
or the rumblings of racism,
that stench we all tend
to want to get rid of,
but the fact that there
were just too many things wrong.
So off I went to the last
journey of my youth,
through the pubs and alleys
of Los Angeles that served
many nights of reckless talk
and the establishment be damned.
There goes Happy House, Scream
and all those open up at 10 pm
party houses, where you paid 5 bucks
to drink yourself to life,
and walk out Saturday morning at 6 am
like the kind demons we were.
And dance the pain that we had
kept for the week
and wonder what 30 would be like
and if the Virgin Prunes
were right about
"If I die I die".
But then, that love in your soul
the one that makes you write
and pour out those false indignities
that caress your heart and mind
for after all we've been through
stars have their moments and then they die.

Thursday, June 11, 2009

မရယ်

မရယ်
အိပ်မရဘူး
ထွေထူးဆန်းပြား အတွေးများနဲ့
အဝေးက မအတွက် ပူပင်သောကတွေ
ရင်နှင့်မမျှအောင် ခံစားနေရတယ်.
ဘေးကင်းရန်ကွာ
ကျန်းမာရွှင်လန်းစွာနဲ့
မနက်ဖြန်တွေကို ကြိုဆိုနိုင်ပါစေ မ ရယ်...

(ဘယ်သူ့ ကိုမှမရည်ပါဘူးဗျာ.....ကဗျာလေးကကောင်းမယ်ထင်လို့ ပါ)

ဆွေးမြည့်ခြင်း ရင်ခွင်

ဆွေးမြည့်ခြင်း ရင်ခွင်

ချစ်သူ....
သတိရတိုင်းသာ
လှိုင်းထမယ်ဆိုရင်
ငါ့ရင်ခွင် ပြိုတာ
ကြာပြီပေါ့

စဉ်းစားကြည့်စမ်းပါချစ်သူ...
အပြစ်ဆိုတာ မြူတစ်ထောက်မျှ မရှိတဲ့ 
တို့ နှစ်ယောက်
ဘယ်လောက်ထိ ဝေးနေကြရမှာလဲ။

အမြဲတမ်းပါပဲ ချစ်သူ...
အလွမ်းပြီး အလွမ်း
မငြီးတမ်း ရွတ်ဆို
ကျွှတ်လိုတဲ့ ဆန္ဒရှိပေမယ့်
ကံကြမ္မာကိုက မျက်နှာလွှဲ
အသည်းကွဲခန်းက နေ့ တိုင်းဆိုတော့
မျက်ရည်တွေ ခန်းသွားတာလည်း
မဆန်းတော့ပါဘူး။

မလှောင်ရက်ပါနှင့်ချစ်သူ...
ထွက်သမျှ မဂ္ဂဇင်းရဲ့  ဗေဒင်
ဇာတာရှင် နေ့ ရက် အတိကျ
ညှိ့ မရမှာဆိုးလို့ 
ယတြာ အမျိုးမျိုးပြင်ဆင်
ကောက်ရိုး တမျှင်ဟာလည်း
ဗီတာမင် ဖြစ်နေတတ်တယ်
မဟုတ်လား။

မိုးလင်းတော့မယ် ချစ်သူ...
နိုးထခြင်းတွေနှင့်အတူ
အသက်ရှုနေသေးသ၍
မမြင်တွေ့ ရတဲ့
အဲဒီဒုက္ခနေ့ တွေ
ရက်မစေ့သေးတော့လည်း
ဆွေးမြည့်ခြင်း ဒီရင်ခွင်ဟာ
ဝေးရခြင်း ဖီလင်* တွေနှင့်ပဲပေါ့
ဒီလိုနှင့်ပဲ...
... ... .... ...
လွမ်းတယ်...ချစ်သူ....။

နှင်းဆီတစ်ပွင့်၇ဲ့ အဖြေ

နှင်းဆီတစ်ပွင့်၇ဲ့ အဖြေ

ချစ်သူရေ...
မင်းပေးခဲ့တဲ့  ကဗျာတစ်လေးတစ်ပုဒ်
နှင်းဆီစီးချင်းတဲ့လေ
မင်းတို့ ရဲ့ စီးချင်းကို
နှင်းဆီမသိခဲ့ ရပါဘူး
နှင်းဆီရဲ့ ခံစားချက်ကို လျစ်လျုရှု
နှင်းဆီရဲ့ သဘောထားကို မတောင်းခံဘဲ
မင်းတို့ ချင်း ယှဉ်ပြိုင်ကြ တဲ့
စီးချင်းထိုးပွဲမှာ
တကယ်တမ်း ကျဆုံးခဲ့ရတာ
နှင်းဆီရဲ့ နှလုံးသားပါ
ပြောခွင့် မရခဲ့တဲ့
ရင်ထဲက စကားတွေကို
တိတ်တဆိတ် ရေရွတ်ရင်း
မင်းတစ်ယောက်တည်းကိုဘဲ
တမ်းတနေခဲ့တယ် ဆိုတာ
နှင်းဆီလေးပဲ သိမှာပါ။

♥♥ချစ်မိသူ၏အရှုံး♥♥

♥♥ချစ်မိသူ၏အရှုံး♥♥

ချစ်သူ=======မင်းကိုချစ်နေပြီလို့ 
ငါထပ်မယူဆချင်တော့ပါဘူး
ငါ့အာရုံကမင်းထွက်သွားဖို့ 
မကြိုးစားနိုင်သရွေ့ 
ငါထပ်ရှုံးနိမ့်အုံးမှာပါပဲ..........
ချစ်သူ========ငါမင်းကိုမမုန်းပါဘူး
သည်းမခံနိုင်တာက
မင်းရဲ့ ဥပေက္ခာပြုမှုတွေကြောင့်ပါပဲ..........
ချစ်သူ========မင်းရှောင်လွှဲတဲ့လမ်းတွေမှာ
ငါရှိနေတာ ငါမကျေနပ်နိုင်တာပါ...........
ချစ်သူ========ငါပြေးထွက်ခဲ့မိတယ်
ခံနိုင်ရည်မရှိတဲ့ငါ့နှလုံးသားက
ဝမ်းနည်းမှုတွေ
မျိုသိပ်ရင်းခိုင်းရင်းနဲ့ 
မင်းနဲ့ ဝေးရာထွက်ပြေးဖို့ ဖြစ်လာခဲ့တာပါ..........
ချစ်သူ========မင်းသိဖို့ မလိုပါဘူး အချစ်ရှိရာငါ့မျက်ဝန်းကို
မင်းနဲ့ မဆုံနိုင်အောင် ကြိုးစားဖို့ အမိန့်  ငါချသင့်ပြီ.......
ချစ်ရတဲ့သူရေ...ဝေးပြီပေါ့ကွာ...ငါဆွေးနေမှာပါ...
အဲဒါကချစ်မိတဲ့သူရဲ့ အရှုံးပေါ့ကွာ...
အနိုင်ရတဲ့မင်းကတော့ပျော်နေမှာပေါ့ကွာ....ချစ်ရသူရာ.....
မင်းပျော်ရွှင်ဖို့  ငါ့နှလုံးသားကို စတေးပေးပါ့မယ်..........

တစ်ဖတ်သတ်

တစ်ဖတ်သတ်

မကျေနပ်တော့ဘူး ငါ့ကိုယ်ငါ
မနက်သစ်တိုင်းမှာ မင်းစိတ်နဲ့ နိုးထ
တစ်နေ့ တာမှာ မင်းအကြောင်းကိုတွေး
ဆွေးမြေ့ ခဲ့ရပြီ အနာဂတ်လမ်းမိုက်မဲစွာ
ငါဖျက်ဆီးလို့  စိတ်ကူးယဉ်သမားဘဝ
ရောက်ချင်းမလှရောက်ခဲ့ရ ရပ်သင့်ပြီ အရူးဘဝက
နိုးထတော့မယ် စိတ်ကူးယဉ်အိပ်မက်က
ကျေနပ်တော့ချစ်သူ ဒီလောက်နဲ့ ပဲ ကျေနပ်ပါတော့
ချစ်နေရုံလေးပဲငါကျေနပ်မယ် မဖြစ်နိုင်တဲ့မျှော်လင့်အိပ်မက်
ဆက်မက်ဖို့ ရာပင်ပန်းလွန်းလို့  နိုးထခွင့်ပြုပါတော့
ချစ်ရတဲ့သူရယ်...............

ခံနိုင်ရည်မဲ့

ခံနိုင်ရည်မဲ့

ချစ်၇တဲ့သူရေ........
မချစ်တတ်ရင်
မင်းမကြည့်နဲ့ 
မျက်ဝန်းတစ်စုံကြောင့်
ငါရင်ခုန်သွားမှာ
သိပ်ကြောက်တယ်....
ချစ်ရတဲ့သူရေ......
မကြင်နာရင်လည်း
ပြုံးမပြနဲ့ 
မင်းအပြုံးကြောင့်
ငါရှုံးနိမ့်သွားမှာ
သိပ်ကြောက်တယ်..........
ချစ်ရတဲ့သူရေ..
မသေချာရင်လည်း
မင်းမချစ်နဲ့ 
မင်းအတွက်ကြောင့်
ငါအသဲကွဲသွားမှာ
သိပ်ကြောက်တယ်................

ချစ်သူသိစေလို

ချစ်သူထံသို့ 
ရင်နှင့်အမျှ
တွယ်တာမြတ်နိုး
နှလုံးသာစတေးကာ
ချစ်ရသောသူလေးရေ......
အလွမ်းဟူသမျှ
ရင်မှာပိုက်ကာ
သတိရတိုင်း
အလွမ်းပုလဲ
မျက်ရည်ဥများ
ခိုခဲ့ရသည်............
အမုန်းဟူသမျှ
လွှင့်ပစ်ခဲ့ကာ
အကြင်နာဟူသမျှ
သူ့ ကိုပေး၏...............
အတွယ်အတာဟူသမျှ
သူတစ်ယောက်တည်းပါ...................
ဒါကိုချစ်သောသူလေး
သိပါစေသား
ဘုရားရည်စူး
ဆုခြွေပါ၏....................

ချစ်မိသူ

ပိုးဖလံတစ်ကောင်ဟာ
သူကိုယ်တိုင်လောင်ကျွမ်းပြာကျမယ်ဆိုတာ
သိရဲ့နဲ့မီးကိုတိုးဝင်တယ်။
ပင့်ကူဟာလဲ
ကိုယ်ကိုယ်တိုင်ညိတွယ်မယ်ဆိုတာသိရဲ့နဲ့
ပင့်ကူမျှင်ကိုရက်လုပ်တယ်။
ချစ်သူကိုယ်ဟာလဲ
မင်းကိုချစ်ရင်နာကျင်မယ်ဆိုတာသိရဲ့နဲ့
ပိုးဖလံလို၊ ပင့်ကူတစ်ကောင်လို
ိကိုယ်တိုင်သေဖို့တွင်းနက်နက်ကို
မိုက်မဲစွာတူးနေမိတယ်။
ဒါပေမယ့်ငါသေဆုံးသွားခဲ့ရင်တောင်...
မင်းကိုချစ်မိတဲ့အတွက် ၊နောင်တမရပါဘူး။
နှောင်းလူတွေငါ့အချစ်သမိုင်းကိုတူးဖော်မိတဲ့အခါ
သူ့ကိုလဲမမုန်းနဲ့၊ငါ့ကိုလဲစုပ်မသပ်နဲ့~~~~~~!!!!

ချစ်သူ

ချစ်သူ
အိမ်ရှေ့တံခါးကို ဖွင့်ထားခဲ့တယ်.
မင်းကို ဆီးကြိုဖို့အတွက်ပါ.
သံသယတွေ အခန်းထဲကို ပစ်ထည့်ဖို့မဟုတ်ဘူး
ထည့်ချင်လည်းထည့်ပေါ့
ယုံကြည်မှုနဲ့ ရှင်းလို့ရပါတယ်.
အစွဲတစ်ခုနဲ့ ငြင်းနေရင်တော့ ငါလည်း မတတ်နိုင်ဘူး

ငါ့နှလုံးသားကို ဖွင့်ထားခဲ့တယ်.
မောပန်းလာတဲ့မင်း ခိုနားနိုင်ဖို့ပါ
မျက်ရည်တွေ သွန်ချပစ်ခဲ့လို့ရတယ်.
နာကြည်းချက်တွေကို ဖောက်ထုတ်ပစ်ခဲ့လို့ရတယ်.
အပြစ်မယူပါဘူး
မငြူစူပါဘူး.
တစ်ခုပဲ ငါကြောက်နေမိတာ…
သံသယ ဓားချက်တွေ ငါ့နှလုံးအိမ်ကို မွှမ်းခံရမှာကိုပဲ…

တကယ်ဆိုငါဟာ
မင်းနဲ့ငါမဟုတ်သူတစ်ယောက်တို့ရဲ့
ဘ၀ဖြတ်သန်းမှုကို
ဘာမှမဖြစ်သယောင် ဟန်ဆောင်ငေးကြည့်ပြီး
ပြုံးပြနှုတ်ဆက်နေရသူပါ.
မပွင့်ခင်ကတည်းက ညှိုးနွမ်းခဲ့ရတဲ့
ငါ့အချစ်ပန်းတွေကို
မင်းရဲ့ သံသယအက်ဆစ်တွေနဲ့ အပြီးတိုင် မသတ်လိုက်ပါနဲ့တော့နော်
မင်းကို ငါဆက်ချစ်နေချင်သေးတယ်.
ကတိလည်းပေးပါတယ်.
မင်းနဲ့ငါ မခွဲဘူး…
ငါနဲ့မင်း မခွဲဘူး
မမြင်နိုင်တဲ့ သံယောဇဉ်ကြိုးတွေနဲ့
မင်းကို ငါစောင့်နေမယ်
နောက်နောင် ဘ၀များစွာအထိပေါ့
ငါ့ရဲ့ အသံတွေလည်း တိုးလျအားလျော့ချင်နေပါပြီ.
ဒါပေမယ့် ငါမင်းကို ဆက်ပြောမယ်
မင်းကိုငါ မခွဲဘူး
မင်းလည်း ငါ့ကို မခွဲပါနဲ့ဦးနော်…
ဖြူစင်တဲ့ မေတ္တာတွေနဲ့
နွေမှာ အေးမြ၊ မိုးမှာ လုံခြုံ၊ ဆောင်းမှာ နွေးထွေးစေ့ပါမယ်…
ငါမင်းကို သိပ်ချစ်တယ် ချစ်သူ………

အချစ်

အချစ်
ပိုင်ရှင်ရှိပြီးသားပန်းလေးတပွင့်ကို
လှမ်းလင့်လို့မယူလိုပါဘူး
မော်ဖူးနေခွင့်လေးပဲလိုချင်တာပါ။

ပိုင်ရှင်ကစွန့်ပစ်သွားဖို့
အတ္တကြီးစွာမမျှော်လင့်ရက်ပါဘူး
မြေပြင်ပေါ်သက်ဆင်းမခစေရဖို့တော့
အသက်ချင်းလဲပြီးတောင်စောင့်ရှောက်သွားမှာပေါ့။

တန်ဖိုးထားပြီးပန်ဆင်သူဆီမှာ
ပန်းကလေးမင်းကြာကြာစံနိုင်ပါစေ။

တန်ဖိုးရှိတဲ့မင်းဘ၀ထဲမှာ
မော်ဖူးနေသူ ငါ့အတွက်နေရာ
မင်းမပေးနိုင်တာအားမနာပါနဲ့။

ငါကိုယ်တိုင်က
မင်းဆီအရောက်နောက်ကျခဲ့တာမို့
ဒီဘ၀လောက်နဲ့ပဲကျေနပ်နေပါ့မယ်။

ဘာကိုမျှငါမပိုင်ဆိုင်ရရင်တောင်
သတိရခွင့် ၊ လွမ်းနေခွင့်လေးတော့
ရှိနေသးတာကျေးဇူးပါ။

အိမ်

အိမ်

အိမ် ........ကမ္ဘာမြေမှာ ခိုလှုံ၇ာခေါ်ဆိုတဲ့အိမ် ..ရံရွေလယ် ထယ်ဝါစွာ ဆင်စွယ်နန်းအိမ်...ကျူထရံတွေ ကာရံကာဓနိမိုးအိမ်.. နှလုံးသားတွေ နွေးထွေး၇င် ဒါဟာလည်းအိမ်..အိမ်တစ်အိမ်မှာ မှီတည်၇ာဘာသာတ၇ားတွေ...ကမ္ဘာမြေကိုဖြူစင်စွာအကြင်နာမျှဝေ...ပိုင်ဆိုင်ရာတွယ်တာရာဒီရင်သွေးတွေ...ဆည်းလဲသံလှိုက်ခက်စဉ် ဒီချစ်ခြင်းတွေ....အိမ်ပြင်မှာဝါပင်တွေကိုယ်တိုင်စိုက်မယ်..ကိုယ်တိုင်ငင် ဝါချည်မျှင် ဖျင်တဘက်ရယ်...အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့ စပါးရိတ်ချိန် ဝိုင်းဖွဲ့ မယ် ဆန်အရက်ရယ်...ဒီအချိန်ဆို အိမ်ကပြင်မှာ ကဗျာတွေရွတ်မယ်..လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်...ရင်ခွင်မှာကြင်နာသူချိုအနမ်းရယ်...ချစ်မိတ်ဆွေစည်းချက်ညီ အတူတူကမယ်....ကလေးလေးတွေနွေးထွေးဖို့ လေ..ကမ္ဘာမြေမှာ အိမ်တစ်အိမ်ဆောက်ကြမယ်လေ...မြင့်မြတ်ခြင်းတွေ၊နွေးထွေးခြင်းတွေ ကမ္ဘာမြေမှာ ညင်သာစွာစီးဆင်းဖို့ လေ...ရင်ခွင်မှာရှင်သန်ရာခိုမှီရာ အိမ်တစ်အိမ်ကို ကမ္ဘာမြေမှာတည်ဆောက်ကြမယ်..အဆောင်အယောင်တွေမဆင်ရင်စေ ရင်ခွင်အိမ်ပျော်ရွှင်ပါစေ...ဒဏ္ဍာရီရာဇဝင်လို ဝိညာဉ်အိမ် စိန်စီရာ ရတနာခြယ်သိင်္ဂါရီအိမ်.....တစ္ဆေတစ်ကောင် ဟန်ဆောင်သလို မာယာကင်းမဲ့ မနာလိုတဲ့မစ္ဆရိယ ချည်နှောင်မှုမဲ့ ကံစီရင်ယုံကြည်စွာ ကမ္ဘာမြေမှာ တို့ အိမ် ငါတို့ အိမ်..ရဲရင့်လိုက်ချစ်တဲ့အိမ် တို့ဆောက်ကြမယ်လေ...........

Template by : kendhin x-template.blogspot.com