Sunday, April 7, 2013

ချစ်ဖူးခဲ့စေသလား ချစ်တတ်ခဲ့ရဲ့လား

ငါ့ကိုကြင်နာမပြပါနဲ့တော့
နင်မကြင်နာတဲ့အခါ
ဆို့နင့်တဲ့ ရင်ထဲကနာကျင်မှုကို
မခံစားနိုင်မှာ စိုးမိတယ်။

ငါ့ကိုမနမ်းပါနဲ့တော့
နင်မနမ်းတော့တဲ့အခါ
အလွမ်းချောင်းပြို ပါးပြင်စိုတဲ့ အေးစက်မှုကို
မခံစားနိုင်မှာ စိုးမိတယ်။

ငါ့ကိုနူးညံ့မှုတွေမပေးပါနဲ့တော့
နင်ရက်စက်တဲ့အခါ
တဆတ်ဆတ်ခါတဲ့ ငါ့နှလုံးသားလေးကွဲအက်မှုကို
မခံစားနိုင်မှာ စိုးမိတယ်။

အတွေးတွေ ချာချာလည်လို့
ရုန်းထွက်ဖို့ ကြိုးစားရင်း
မျက်စိလည် လမ်းပျောက်လို့
နင့်ရှေ့ ပဲ ရောက်ရောက်လာတယ်။

တောင်းတဲ့ဆုနဲ့သာ ပြည့်ဝမယ်ဆိုရင်
အမှီအခိုကင်းတဲ့ မြက်တစ်ပင်သာ
ငါဖြစ်လိုက်ချင်ပါတယ်။

မှီခိုမှ နေထိုင်ရှင်သန်ရတဲ့
သဇင်ပန်းတော့ မဖြစ်ပါရစေနဲ့။




ရက်စက်တယ်လို့ ပြောရမလား

ရက်စက်တယ်
မပြောရက်ပေမယ့်
လုပ်ရက်တယ်လို့တော့
ခံစားရပါတယ်။
နင်ထားခဲ့ရက်တယ်ဆိုလည်း
အပြုံးလေးနဲ့ပဲ
နင်ကျေနပ်အောင်
ငါအသည်းကွဲခံပါမယ်။

Saturday, April 6, 2013

သေပါစေ

လေးညှို့က
မြှားကိုပြောတယ်တဲ့
သင့်လွတ်မြောက်မှုက.......
ကျွန်ုပ်၏ လွတ်လပ်မှုလည်း ဖြစ်ပါသည် တဲ့....
ကိုင်းကိုင်းကြီးဖြစ်အောင်
အသားကုန်ဆွဲထားလို့....
ရှိသမျှအကြောတွေ
ပြိုင်းပြိုင်းကြီးဖြစ်ကုန်ပြီဟုတော့
ထည့်မပြောပါ......................

မကြောက်ဘူး

စကားဟာ....ကားသည်တဲ့.....
ဒီနား.......ခလုတ်တိုက်.....
ဟိုး....နားရောက်တော့.....ဖားပြုတ်ကိုက်....
ကျွန်တော့ကို....ကြီးကျယ်ခမ်းနားစွာ....

အချစ်ရိုက်ပါသည်.....
နာ....လိုက်....တာ.....ဗျာ.....
ကြောက်ပါပြီလို့တော့....
ဘယ်တော့မှ မအော်ဘူးမှတ်.........

Template by : kendhin x-template.blogspot.com