Thursday, April 4, 2013

ကြီးမြတ်သော

အဲဒီ
ပန်းနုရောင်မျက်လုံးလေးကို
ဆုံနိုင်ဖို့ လေးတောင်မှ
အသည်းကမခိုင်တော့လေ..........။
စိတ်ရှိလက်ရှိ
လွမ်းပြစ်လိုက်ရတာနဲ့ ပဲ
နေရောက်ခြည်နံရံတွေပြိုလဲ
ငါ့စိတ်ကူးလေး အက်ကွဲသွားခဲ့ပြီ..........။
သိစေချင်ပါတယ်
ရင်ထဲကအမြုတေ နှလုံးသားမှာ
သူသာအမြင့်မြတ်ဆုံးဖြစ်တယ်ဆိုတာ.........။
နားလည်စေချင်ပါတယ်
စိတ်ကုးအိပ်မက်တွေရဲ့ 
တစ်ကိုယ်စာအချစ်နဲ့ အလွမ်းမှာ
သူသာလျှင် ကမ္ဘာတစ်ခုဖြစ်တယ်ဆိုတာ..........။
မပြောချင်တော့ဘူး
အဲဒီလို
တနုံ့ နုံ့ အတွင်းကြေနေရတဲ့
ဆွံ့ အနားမကြားနှလုံးသားရဲ့ 
ကြီးမြတ်သောအချစ်ကို..................။

0 comments:

Template by : kendhin x-template.blogspot.com