Thursday, June 11, 2009

ချစ်မိသူ

ပိုးဖလံတစ်ကောင်ဟာ
သူကိုယ်တိုင်လောင်ကျွမ်းပြာကျမယ်ဆိုတာ
သိရဲ့နဲ့မီးကိုတိုးဝင်တယ်။
ပင့်ကူဟာလဲ
ကိုယ်ကိုယ်တိုင်ညိတွယ်မယ်ဆိုတာသိရဲ့နဲ့
ပင့်ကူမျှင်ကိုရက်လုပ်တယ်။
ချစ်သူကိုယ်ဟာလဲ
မင်းကိုချစ်ရင်နာကျင်မယ်ဆိုတာသိရဲ့နဲ့
ပိုးဖလံလို၊ ပင့်ကူတစ်ကောင်လို
ိကိုယ်တိုင်သေဖို့တွင်းနက်နက်ကို
မိုက်မဲစွာတူးနေမိတယ်။
ဒါပေမယ့်ငါသေဆုံးသွားခဲ့ရင်တောင်...
မင်းကိုချစ်မိတဲ့အတွက် ၊နောင်တမရပါဘူး။
နှောင်းလူတွေငါ့အချစ်သမိုင်းကိုတူးဖော်မိတဲ့အခါ
သူ့ကိုလဲမမုန်းနဲ့၊ငါ့ကိုလဲစုပ်မသပ်နဲ့~~~~~~!!!!

0 comments:

Template by : kendhin x-template.blogspot.com