Thursday, June 11, 2009

ဆွေးမြည့်ခြင်း ရင်ခွင်

ဆွေးမြည့်ခြင်း ရင်ခွင်

ချစ်သူ....
သတိရတိုင်းသာ
လှိုင်းထမယ်ဆိုရင်
ငါ့ရင်ခွင် ပြိုတာ
ကြာပြီပေါ့

စဉ်းစားကြည့်စမ်းပါချစ်သူ...
အပြစ်ဆိုတာ မြူတစ်ထောက်မျှ မရှိတဲ့ 
တို့ နှစ်ယောက်
ဘယ်လောက်ထိ ဝေးနေကြရမှာလဲ။

အမြဲတမ်းပါပဲ ချစ်သူ...
အလွမ်းပြီး အလွမ်း
မငြီးတမ်း ရွတ်ဆို
ကျွှတ်လိုတဲ့ ဆန္ဒရှိပေမယ့်
ကံကြမ္မာကိုက မျက်နှာလွှဲ
အသည်းကွဲခန်းက နေ့ တိုင်းဆိုတော့
မျက်ရည်တွေ ခန်းသွားတာလည်း
မဆန်းတော့ပါဘူး။

မလှောင်ရက်ပါနှင့်ချစ်သူ...
ထွက်သမျှ မဂ္ဂဇင်းရဲ့  ဗေဒင်
ဇာတာရှင် နေ့ ရက် အတိကျ
ညှိ့ မရမှာဆိုးလို့ 
ယတြာ အမျိုးမျိုးပြင်ဆင်
ကောက်ရိုး တမျှင်ဟာလည်း
ဗီတာမင် ဖြစ်နေတတ်တယ်
မဟုတ်လား။

မိုးလင်းတော့မယ် ချစ်သူ...
နိုးထခြင်းတွေနှင့်အတူ
အသက်ရှုနေသေးသ၍
မမြင်တွေ့ ရတဲ့
အဲဒီဒုက္ခနေ့ တွေ
ရက်မစေ့သေးတော့လည်း
ဆွေးမြည့်ခြင်း ဒီရင်ခွင်ဟာ
ဝေးရခြင်း ဖီလင်* တွေနှင့်ပဲပေါ့
ဒီလိုနှင့်ပဲ...
... ... .... ...
လွမ်းတယ်...ချစ်သူ....။

0 comments:

Template by : kendhin x-template.blogspot.com