Thursday, April 4, 2013

ကြီးမြတ်သော

♥အဲဒီ
ပန်းနုရောင်မျက်လုံးလေးကို
ဆုံနိုင်ဖို့ လေးတောင်မှ
အသည်းကမခိုင်တော့လေ..........။
♥စိတ်ရှိလက်ရှိ
လွမ်းပြစ်လိုက်ရတာနဲ့ ပဲ
နေရောက်ခြည်နံရံတွေပြိုလဲ
ငါ့စိတ်ကူးလေး အက်ကွဲသွားခဲ့ပြီ..........။
♥သိစေချင်ပါတယ်
ရင်ထဲကအမြုတေ နှလုံးသားမှာ
သူသာအမြင့်မြတ်ဆုံးဖြစ်တယ်ဆိုတာ.........။
♥နားလည်စေချင်ပါတယ်
စိတ်ကုးအိပ်မက်တွေရဲ့ 
တစ်ကိုယ်စာအချစ်နဲ့ အလွမ်းမှာ
သူသာလျှင် ကမ္ဘာတစ်ခုဖြစ်တယ်ဆိုတာ..........။
♥မပြောချင်တော့ဘူး
အဲဒီလို
တနုံ့ နုံ့ အတွင်းကြေနေရတဲ့
ဆွံ့ အနားမကြားနှလုံးသားရဲ့ 
ကြီးမြတ်သောအချစ်ကို..................။

Monday, October 24, 2011

လွမ်း


မှန်းမရတဲ့ တမ်းတခြင်းတွေ
သက်ဆင်းကာခယ
စလိုက်တဲ့ မနက်တွေမှာ
မျက်ရည်သာ အဖော်ပြု
အချိန်တစ်ခုကိုဆင့်ခေါ်
လင့်မျှော်တဲ့ နှလုံးသား
ေ၀၀ါးတဲ့ ဘ၀လမ်းမှာ
အနမ်းတွေခြောက်သွေ့
မေ့မရတဲ့ အိပ်မက်တွေ
ပင့်သက်တွေ လှိုက်မော
ရောသွားတဲ့သွေးနဲ့ မျက်ရည်
နာကျင် ခြင်းတွေသက်သာစေဖို့
အလွမ်းရက်တို့ ရပ်တန့်ပေးပါ
သစ္စာ ကိုအမှီပြု
အိပ်မက်တွေ မထုဆစ်ချင်တော့ဘူး
စူးစူးနစ်နစ်တောင်းပန်...
ပြန်လည်ကာတမ်းတရင်း...
လွမ်း...


ရူးသွပ်ခြင်း

မမျှော်လင့်ဘူးပြောပေမယ့်
ရင်ထဲတစ်နေရာက
တိုးတိတ်စွာမျှော်လင့်မိပါတယ်...
မရနိုင်ဘူးပြောနေပေမယ့်
မသိစိတ်တစ်နေရာက
တမ်းတစွာလိုချင်မိပါတယ်....
မဖြစ်နိုင်တော့ဘူးဆိုပေမယ့်
အသည်းတစ်နေရာက
မဝံ့ရဲစွာတောင်းတနေမိတယ်....
မဆုံနိုင်တော့ဘူးထင်ပေမယ့်
နှလုံးသားရဲ့ ....
အနက်ရှိုင်းဆုံးတစ်နေရာက
ရူးသွပ်စွာ၊ပြင်းပြစွာ...
ဆုံနိုင်ခွင့်ကိုတမ်းတရင်း.....

♥♥ချစ်သူ....
ဟိုစဉ်ကစကား
အခုတော့မေ့ထားခဲ့ပြီလားကွယ်......♥♥
♥♥ဖြစ်နိုင်ရင်သနား...
ရင်တွင်းခံစားပြီး
တစ်ချက်လောက်တော့ငဲ့ကြည့်သင့်ပါတယ်.....♥♥
♥♥ဒီမောင်လူဆန်း
စိတ်ကကြမ်းပေမယ့်
သူ့ အသည်းကနုတယ်ကွယ်......♥♥

Template by : kendhin x-template.blogspot.com