Saturday, July 25, 2009

ရီဝေငိုက်မြည်းနေတဲ့...
ငါ့ရဲ့ နှလုံးသားဟာ....
အချစ်ဆိုတဲ့အရာကို မခံစားရဘူးလို့ 
ထင်မြင်နေခဲ့တာ....
မ.....ကိုတွေ့ တော့မှပဲ..
ရှိန်းတိန်းတိန်းနဲ့ ...
အစဉ်ငေးမောရင်း
ကြည်နူးနှစ်သိမ့်နေတဲ့
အချစ်ရူးလေးကျွန်တော်ပေါ့....

အချစ်ဆိုတာ

အချစ်တဲ့......
အချစ်ကိုမသိခင်တုန်းကပေါ့...
အချစ်ကိုမသိပဲလူတွေကိုချစ်ခဲ့ဖူးတယ်....
ပြီးတော့ပြောလိုက်သေးတယ်....
အချစ်ကပူလောင်တယ်တဲ့...
အချစ်တဲ့....
သိလာရတယ်.............
ရင်ခုန်တယ်...
ပျော်တယ်.......
ကြည်နူးတယ်..........

ခံစားချက်တွေလည်းအများကြီး...
ဆက်ရန်တွေလည်းရှိနေဦးမယ်...
အချစ်ကိုသိမှ အချစ်ဆိုတာကိုချစ်လာခဲ့တယ်....
တကယ်တော့.....
အချစ်ဆိုတာ.....
မပူပါဘူး....
နွေးနွေးလေးနဲ့ အေးမြနေတာပါ..။

Friday, July 24, 2009

တွယ်ရာမဲ့

တွယ်ရာမဲ့ ငါ့စိတ်တွေ
ညဥ့်နက်နက်ထဲ ခရီးလွန်ပေါင်းများပြီ
ခိုနားစရာမရှိတဲ့မင်းဆီ
စားရမယ့်သောက်ရမယ့် ဘာလို့ တေလေနေကြပါလိမ့်
မိုးသောက်ကို မင်းတို့ နဲ့ အတူကြိုဆိုချင်လို့ ပါကွာ...။
မနက်ဖြန်မှာ ဘဝသစ်ကိုသွားစရာရှိသေးတယ်လေ.....။

ကိုယ့်ရဲ့ အိမ်

မေတ္တာတွေနဲ့ ...မိုး
အချစ်တွေနဲ့ ....ကာရံ
သံယောဇဉ်နဲ့ ...ချည်နှောင်ထားတဲ့
ကိုယ့်ရဲ့ ဂေဟာလေး
မင်းအတွက်နွေးထွေးပါ့မလားကွယ်.....။
မင်းနွေးထွေးဖို့ 
ကိုယ့်ရင်ခွင်မှာကြင်နာမှုတွေတော့ ခင်းထားရဲ့ ..။
ပြန်မယ်ဆိုရင်
ကိုဘယ်လိုတားရက်ပါ့မလဲ...
တိတ်တိတ်လေးတော့ ထွက်သွားပေးပါနော်....
ယိုင်နဲ့ နဲ့  ကိုယ့်ရဲ့  အသည်းတွေကြွေမှာစိုးလို့ ပါကွယ်..။

Template by : kendhin x-template.blogspot.com