ငါ့ကိုကြင်နာမပြပါနဲ့တော့
နင်မကြင်နာတဲ့အခါ
ဆို့နင့်တဲ့ ရင်ထဲကနာကျင်မှုကို
မခံစားနိုင်မှာ စိုးမိတယ်။
ငါ့ကိုမနမ်းပါနဲ့တော့
နင်မနမ်းတော့တဲ့အခါ
အလွမ်းချောင်းပြို ပါးပြင်စိုတဲ့ အေးစက်မှုကို
မခံစားနိုင်မှာ စိုးမိတယ်။
ငါ့ကိုနူးညံ့မှုတွေမပေးပါနဲ့တော့
နင်ရက်စက်တဲ့အခါ
တဆတ်ဆတ်ခါတဲ့ ငါ့နှလုံးသားလေးကွဲအက်မှုကို
မခံစားနိုင်မှာ စိုးမိတယ်။
အတွေးတွေ ချာချာလည်လို့
ရုန်းထွက်ဖို့ ကြိုးစားရင်း
မျက်စိလည် လမ်းပျောက်လို့
နင့်ရှေ့ ပဲ ရောက်ရောက်လာတယ်။
တောင်းတဲ့ဆုနဲ့သာ ပြည့်ဝမယ်ဆိုရင်
အမှီအခိုကင်းတဲ့ မြက်တစ်ပင်သာ
ငါဖြစ်လိုက်ချင်ပါတယ်။
မှီခိုမှ နေထိုင်ရှင်သန်ရတဲ့
သဇင်ပန်းတော့ မဖြစ်ပါရစေနဲ့။
Sunday, April 7, 2013
ချစ်ဖူးခဲ့စေသလား ချစ်တတ်ခဲ့ရဲ့လား
Posted by
သူငယ်ချင်းများဆုံဆည်းရာ
at
1:56 AM
0
comments
Labels: poem
ရက်စက်တယ်လို့ ပြောရမလား
ရက်စက်တယ်
မပြောရက်ပေမယ့်
လုပ်ရက်တယ်လို့တော့
ခံစားရပါတယ်။
နင်ထားခဲ့ရက်တယ်ဆိုလည်း
အပြုံးလေးနဲ့ပဲ
နင်ကျေနပ်အောင်
ငါအသည်းကွဲခံပါမယ်။
Posted by
သူငယ်ချင်းများဆုံဆည်းရာ
at
1:54 AM
0
comments
Labels: poem
Saturday, April 6, 2013
သေပါစေ
Posted by
သူငယ်ချင်းများဆုံဆည်းရာ
at
6:00 AM
0
comments
မကြောက်ဘူး
စကားဟာ....ကားသည်တဲ့.....
ဒီနား.......ခလုတ်တိုက်.....
ဟိုး....နားရောက်တော့.....ဖားပြုတ်ကိုက်....
ကျွန်တော့ကို....ကြီးကျယ်ခမ်းနားစွာ....
Posted by
သူငယ်ချင်းများဆုံဆည်းရာ
at
5:52 AM
0
comments
ဖူးစာဖက်
Posted by
သူငယ်ချင်းများဆုံဆည်းရာ
at
5:40 AM
0
comments
တန်ဖိုးထားပါ
လူတစ်ယောက်ရဲ့ ရင်ထဲက
ခံစားမှုတိုင်းကို တန်ဖိုးထားပေးပါ....
ဘာလို့လဲဆိုတော့ လူတိုင်းမှာ
တန်ဖိုးရှိတဲ့ နှလုံးသားတစ်စုံရှိတယ်....
ကိုယ်မနှစ်သက်တဲ့ အရာတစ်ခုကို
သူများကိုလည်း မပေးမိပါစေနဲ့.....
သူလည်းနှစ်သက်မှာမဟုတ်ဘူးလေ.....
Posted by
သူငယ်ချင်းများဆုံဆည်းရာ
at
5:30 AM
0
comments
Thursday, April 4, 2013
ကြီးမြတ်သော
♥အဲဒီ
ပန်းနုရောင်မျက်လုံးလေးကို
ဆုံနိုင်ဖို့ လေးတောင်မှ
အသည်းကမခိုင်တော့လေ..........။
♥စိတ်ရှိလက်ရှိ
လွမ်းပြစ်လိုက်ရတာနဲ့ ပဲ
နေရောက်ခြည်နံရံတွေပြိုလဲ
ငါ့စိတ်ကူးလေး အက်ကွဲသွားခဲ့ပြီ..........။
♥သိစေချင်ပါတယ်
ရင်ထဲကအမြုတေ နှလုံးသားမှာ
သူသာအမြင့်မြတ်ဆုံးဖြစ်တယ်ဆိုတာ.........။
♥နားလည်စေချင်ပါတယ်
စိတ်ကုးအိပ်မက်တွေရဲ့ 
တစ်ကိုယ်စာအချစ်နဲ့ အလွမ်းမှာ
သူသာလျှင် ကမ္ဘာတစ်ခုဖြစ်တယ်ဆိုတာ..........။
♥မပြောချင်တော့ဘူး
အဲဒီလို
တနုံ့ နုံ့ အတွင်းကြေနေရတဲ့
ဆွံ့ အနားမကြားနှလုံးသားရဲ့ 
ကြီးမြတ်သောအချစ်ကို..................။
Posted by
သူငယ်ချင်းများဆုံဆည်းရာ
at
12:32 AM
0
comments
Monday, October 24, 2011
လွမ်း
မှန်းမရတဲ့ တမ်းတခြင်းတွေ
သက်ဆင်းကာခယ
စလိုက်တဲ့ မနက်တွေမှာ
မျက်ရည်သာ အဖော်ပြု
အချိန်တစ်ခုကိုဆင့်ခေါ်
လင့်မျှော်တဲ့ နှလုံးသား
ေ၀၀ါးတဲ့ ဘ၀လမ်းမှာ
အနမ်းတွေခြောက်သွေ့
မေ့မရတဲ့ အိပ်မက်တွေ
ပင့်သက်တွေ လှိုက်မော
ရောသွားတဲ့သွေးနဲ့ မျက်ရည်
နာကျင် ခြင်းတွေသက်သာစေဖို့
အလွမ်းရက်တို့ ရပ်တန့်ပေးပါ
သစ္စာ ကိုအမှီပြု
အိပ်မက်တွေ မထုဆစ်ချင်တော့ဘူး
စူးစူးနစ်နစ်တောင်းပန်...
ပြန်လည်ကာတမ်းတရင်း...
လွမ်း...

Posted by
သူငယ်ချင်းများဆုံဆည်းရာ
at
9:46 AM
0
comments
ရူးသွပ်ခြင်း
ရင်ထဲတစ်နေရာက
မသိစိတ်တစ်နေရာက
အသည်းတစ်နေရာက
နှလုံးသားရဲ့ ....
အနက်ရှိုင်းဆုံးတစ်နေရာက
ရူးသွပ်စွာ၊ပြင်းပြစွာ...
ဆုံနိုင်ခွင့်ကိုတမ်းတရင်း.....
Posted by
သူငယ်ချင်းများဆုံဆည်းရာ
at
9:40 AM
0
comments
♥♥ချစ်သူ....
ဟိုစဉ်ကစကား
အခုတော့မေ့ထားခဲ့ပြီလားကွယ်......♥♥
♥♥ဖြစ်နိုင်ရင်သနား...
ရင်တွင်းခံစားပြီး
တစ်ချက်လောက်တော့ငဲ့ကြည့်သင့်ပါတယ်.....♥♥
♥♥ဒီမောင်လူဆန်း
စိတ်ကကြမ်းပေမယ့်
သူ့ အသည်းကနုတယ်ကွယ်......♥♥
Posted by
သူငယ်ချင်းများဆုံဆည်းရာ
at
9:26 AM
0
comments
Wednesday, July 29, 2009
Forever
I will have you someday,
Wish today was tomorrows;
So now I could see you.
I will count the stars tonight;
Hope with all my might;
Then when I close my eyes,
I will be right by your side.
I have cried a thousand times,
Since we haven't been together;
But you made me smile all the time,
It will always remain the same,
In my heart forever.
Posted by
သူငယ်ချင်းများဆုံဆည်းရာ
at
5:32 AM
0
comments
Labels: poem
Sunday, July 26, 2009
နှစ်ဦးသားဘဝမှာ
မသေချာတဲ့မနက်ဖြန်တစ်ခုက
မှိန်ပြပြဆုံနိုင်ခွင့်ဆိုတာကို
ငါရှာမိတယ်..
ဒီအချိန်မှာ
ငါ့ရဲ့ အမြဲတမ်းမိတ်ဆွေကတော့
အထီးကျန်လှတဲ့ဘဝမှာ
အလွမ်းရဲ့ ထိုးနှက်မှုကြောင့်လဲ
ငါ့ရဲ့ အိပ်စက်ခြင်းတွေသူဖျက်စီးလို့ 
အိပ်ပျက်ညတွေသူဖန်တီးတယ်
တရေးတမှိတ်အိပ်ပျော်ခဲ့စဉ်
တမ်းတခြင်းအိပ်မက်ဆိုးတွေ
သူလက်ဆောင်ပေးပြန်တော့
အလူးအလဲပေါ့
ရက်စက်စွာပိုင်းခြားထားတဲ့
ပင်လယ်ပြာနဲ့ တောင်တန်းများ
ဖြတ်ကျော်နိုင်တဲ့ စွမ်းအား
ငါမပိုင်ဆိုင်ပေမယ့်
မင်းကိုချစ်တဲ့အချစ်များကြောင့်
စမ်းတဝါးဝါး မနက်ဖြန်တွေထဲက
ဆုံနိုင်ခွင့် ခလုတ်တိုက်မိမယ့်
တစ်ခုသောမနက်ဖြန်ကိုမျှော်လင့်ရင်း
Posted by
သူငယ်ချင်းများဆုံဆည်းရာ
at
5:07 AM
0
comments
Labels: poem
မေတ္တာသွယ်ယှက်...
အသက်ရှင်ရ
သစ္စာမယိုင်...
အချစ်ခိုင်မြဲ
တစွဲတလန်း
တတမ်းတတ
နောင်တမလွန်
အဆုံးစွန်ထိ
ကျိုးနွံချစ်မြတ်
ကိုးကွယ်အပ်နှင်း
မောင့်ချစ်ခြင်းကို
မငြင်းမဆန်
မင်းသာလက်ခံပါလျှင်
တို့ လေ....
သေပျော်နေပျော်
ကမ္ဘာပေါ်မှာ.....
Posted by
သူငယ်ချင်းများဆုံဆည်းရာ
at
4:45 AM
0
comments
Labels: poem
ပန်းသေတ္တာတွင် ပန်းတွေပြည့်
မလွမ်းလောက်လေသလား....
ပန်းခြောက်တွေမကြွေသေးတာတော့
အနေဝေးကာတို့ တွေခွဲရင်လဲ(လည်း)
ရင်ထဲကို သခင်လှပ်ပါလို့ 
မြင်တတ်အောင်ကြည့်လှည့်ပါ...
မြင်နိုင်ပါစေလို့ လဲ
ဆုတောင်းနေမှာပါ....
အိုဘယ့်ချစ်ရတဲ့ချစ်သူသခင်....။
Posted by
သူငယ်ချင်းများဆုံဆည်းရာ
at
4:34 AM
0
comments
Labels: poem
Saturday, July 25, 2009
အချစ်ဆိုတဲ့အရာကို မခံစားရဘူးလို့ 
ထင်မြင်နေခဲ့တာ....
ကိုတွေ့ တော့မှပဲ..
အစဉ်ငေးမောရင်း
ကြည်နူးနှစ်သိမ့်နေတဲ့
Posted by
သူငယ်ချင်းများဆုံဆည်းရာ
at
8:21 AM
0
comments
Labels: poem
အချစ်ကိုမသိခင်တုန်းကပေါ့...
အချစ်ကိုမသိပဲလူတွေကိုချစ်ခဲ့ဖူးတယ်....
ပြီးတော့ပြောလိုက်သေးတယ်....
အချစ်တဲ့....
သိလာရတယ်.............
ခံစားချက်တွေလည်းအများကြီး...
ဆက်ရန်တွေလည်းရှိနေဦးမယ်...
အချစ်ကိုသိမှ အချစ်ဆိုတာကိုချစ်လာခဲ့တယ်....
တကယ်တော့.....
Posted by
သူငယ်ချင်းများဆုံဆည်းရာ
at
8:12 AM
0
comments
Labels: poem
Friday, July 24, 2009
ညဥ့်နက်နက်ထဲ ခရီးလွန်ပေါင်းများပြီ
ခိုနားစရာမရှိတဲ့မင်းဆီ
စားရမယ့်သောက်ရမယ့် ဘာလို့ တေလေနေကြပါလိမ့်
မိုးသောက်ကို မင်းတို့ နဲ့ အတူကြိုဆိုချင်လို့ ပါကွာ...။
မနက်ဖြန်မှာ ဘဝသစ်ကိုသွားစရာရှိသေးတယ်လေ.....။
Posted by
သူငယ်ချင်းများဆုံဆည်းရာ
at
1:09 PM
0
comments
Labels: poem
အချစ်တွေနဲ့ ....ကာရံ
သံယောဇဉ်နဲ့ ...ချည်နှောင်ထားတဲ့
ကိုယ့်ရဲ့ ဂေဟာလေး
မင်းအတွက်နွေးထွေးပါ့မလားကွယ်.....။
မင်းနွေးထွေးဖို့ 
ကိုယ့်ရင်ခွင်မှာကြင်နာမှုတွေတော့ ခင်းထားရဲ့ ..။
ပြန်မယ်ဆိုရင်
ကိုဘယ်လိုတားရက်ပါ့မလဲ...
တိတ်တိတ်လေးတော့ ထွက်သွားပေးပါနော်....
ယိုင်နဲ့ နဲ့  ကိုယ့်ရဲ့  အသည်းတွေကြွေမှာစိုးလို့ ပါကွယ်..။
Posted by
သူငယ်ချင်းများဆုံဆည်းရာ
at
1:02 PM
0
comments
Labels: poem
Saturday, June 13, 2009
ရည်းစား .....♥♥♥
ရည်းစားဆိုတာတစ်ခဏတာလက်တွဲရတဲ့ သူ...........လို့ ဘာသာပြန်ချင်တယ်...... ဘာလို့လဲဆိုတော့ရည်းစားဘဝကရည်ရွယ်ချက်မရှိဘူး....... တာဝန်မရှိဘူး.........သူ့အနာဂတ်မှာလည်းသူမရှိဘူး...... ကိုယ့်အနာဂတ်မှာလည်းသူလုံးဝမရှိပါဘူး........ သူပြတ်ရင်ကိုယ်ပြတ်လို့ရတယ်.....အတားအဆီးမရှိဘူး........ ရည်းစားထားတယ်ဆိုတာသူငယ်ချင်းတွေရှေ့မှာမော်ကြွားယုံ........ ပန်းခြံတွေလျှောက်လည်ယုံလောက်နဲ့တင်အဆုံးသတ်သွားပါပြီ............ ပြောရရင်သူနဲ့ကိုယ်အတွယ်အတာဘာမှမရှိပါဘူး........ ဒီတစ်ယောက်ပြတ်ရင်နောက်တစ်ယောက်ပါ........ တစ်ချို့ဆိုရည်းစားဘဝမှာတင်ဘဝကိုစတေးလိုက်ရတာတွေရှိပါတယ်...... အင်း.......ရည်းစားထားပြီဆိုရင်တော့ရည်းစားကို ရည်းစားနဲ့တူအောင်ထားဖို့တော့လိုအပ်တာပေါ့နော်........... ဘယ်လိုပဲဖြစ်ဖြစ်ရည်းစားအဆင့်နဲ့တော့ဘဝကို တည်ဆောက်လို့မရတာတော့သေချာတယ်....... ရည်းစားမှာအဆုံးသတ်မရှိဘူး......ကြိုက်သလောက်ထားကြတယ်.......
♥♥♥ ချစ်သူ.........♥♥♥
လူတစ်ယောက်ကဘယ်လောက်ပဲရည်းစားထားခဲ့ပါစေ...... နောက်ဆုံးတော့သူတစ်ကယ်ချစ်တာချစ်ခဲ့တာတစ်ယောက်ပဲရှိပါတယ်........ ချစ်သူကိုတော့တစ်ဘဝလုံးအတွက်ပုံအပ်ပြီးလက်တွဲရမယ့်သူလို့ ရွေးချယ်လိုက်တဲ့သူကိုချစ်သူလို့ဘာသာပြန်ပါရစေ........ ရင်ထဲကအချစ်စစ်....၊အချစ်မှန်.....၊မြတ်နိုးတွယ်တာမူတွေနဲ့ တည်ဆောက်ထားတယ်........သူ့မှာတော့ရည်ရွယ်ချက်ရှိလာပြီ..... အနာဂတ်ရှိလာပြီ........သူနဲ့ကိုယ်လက်ထပ်ပြီးရင်ဘာလုပ်ကြမှာလဲ....... ဘယ်လိုနေမှာလဲ.......အများကြီးပေါ့........... သူကအဆက်ဖြတ်သွားရင်တောင်ကိုယ့်မှာအနာဂတ်ပျောက်သွားနိုင်တယ်....... ဘဝဆုံးပြီးအသက်ပါဆုံးသွားတတ်တယ်............ ချစ်သူမှာလှတာမလှတာမရှိဘူး.......ဂုဏ်မရှိဘူး.....မာန်မာနကင်းမဲ့တယ်........ တစ်ယောက်ကိုတစ်ယောက်နားလည်မူအပြည့်ရှိတယ်........ ဘာဆိုဘာမှမရှိဘူး.......သူ့ကိုချစ်နေရရင်ပဲကျေနပ်နိုင်တယ်...... သူကိုလည်းပြန်ချစ်စေချင်တယ်....ကိုယ်ချစ်သလောက်ပေါ့......... သံယောဇဉ်တွေမေတ္တာတွေတွယ်တာမူတွေတမ်းတမူတွေ သတိရမူတွေအားလုံးပါဝင်နေတယ်.......... ချစ်သူအဖြစ်တစ်ယောက်ယောက်ကိုရွေးချယ်လိုက်ပြီဆိုရင်တော့ သူနဲ့ပတ်သတ်ရင်အရာရာကိုရင်ဆိုင်နိုင်ရမယ်.......... သူဘာပဲလုပ်ခဲ့.....လုပ်ခဲ့ခွင့်လွှတ်နိုင်ရမယ်...... ခွင့်လွှတ်နိုင်လောက်တဲ့အတိုင်းအတာထိပေါ့ဗျာ......... သူကိုပျော်ရွင်မူတွေပေးရမယ်.......သူနဲ့တွေ့ရင်ရင်တွေခုန်နေတာပေါ့....... သူ့ကိုတန်ဖိုးထားတတ်ရမယ်........တစ်ချို့ဆိုချစ်သူနဲ့ပတ်သတ်တဲ့ အရာအားလုံးကိုအချိန်...နာရီ....မိနစ်.....စက္ကန့်တောင်မလွဲအောင် တန်ဖိုးထားတတ်ကြတယ်......နောက်ဆုံးတော့ ချစ်သူအဖြစ်ကနေလက်တွဲပြီးဘဝကိုတည်ဆောက်ကြတာပေါ့.......♥♥
ကျွန်တော်အလည်အပတ်ရောက်ရှိခဲ့တဲ့ အကိုတော်တစ်ယောက်ရဲ့ 
ဆိုဒ်ကပါ...သဘောကျလို့ ကူးထားတာပါ.....

Posted by
သူငယ်ချင်းများဆုံဆည်းရာ
at
12:48 AM
0
comments
Labels: poem
Friday, June 12, 2009
Let It Fall |
| One more anti-hero worship from the depths of some enigmatic fool that left the suburbs for the open fields of post modern flight from hell. No, not from the quakes or the rumblings of racism, that stench we all tend to want to get rid of, but the fact that there were just too many things wrong. So off I went to the last journey of my youth, through the pubs and alleys of Los Angeles that served many nights of reckless talk and the establishment be damned. There goes Happy House, Scream and all those open up at 10 pm party houses, where you paid 5 bucks to drink yourself to life, and walk out Saturday morning at 6 am like the kind demons we were. And dance the pain that we had kept for the week and wonder what 30 would be like and if the Virgin Prunes were right about "If I die I die". But then, that love in your soul the one that makes you write and pour out those false indignities that caress your heart and mind for after all we've been through stars have their moments and then they die. |
Posted by
သူငယ်ချင်းများဆုံဆည်းရာ
at
1:03 AM
0
comments
Labels: poem




