မှန်းမရတဲ့ တမ်းတခြင်းတွေ
သက်ဆင်းကာခယ
စလိုက်တဲ့ မနက်တွေမှာ
မျက်ရည်သာ အဖော်ပြု
အချိန်တစ်ခုကိုဆင့်ခေါ်
လင့်မျှော်တဲ့ နှလုံးသား
ေ၀၀ါးတဲ့ ဘ၀လမ်းမှာ
အနမ်းတွေခြောက်သွေ့
မေ့မရတဲ့ အိပ်မက်တွေ
ပင့်သက်တွေ လှိုက်မော
ရောသွားတဲ့သွေးနဲ့ မျက်ရည်
နာကျင် ခြင်းတွေသက်သာစေဖို့
အလွမ်းရက်တို့ ရပ်တန့်ပေးပါ
သစ္စာ ကိုအမှီပြု
အိပ်မက်တွေ မထုဆစ်ချင်တော့ဘူး
စူးစူးနစ်နစ်တောင်းပန်...
ပြန်လည်ကာတမ်းတရင်း...
လွမ်း...
Monday, October 24, 2011
လွမ်း
Posted by သူငယ်ချင်းများဆုံဆည်းရာ at 9:46 AM 0 comments
ရူးသွပ်ခြင်း
မမျှော်လင့်ဘူးပြောပေမယ့်
ရင်ထဲတစ်နေရာက
ရင်ထဲတစ်နေရာက
တိုးတိတ်စွာမျှော်လင့်မိပါတယ်...
မရနိုင်ဘူးပြောနေပေမယ့်
မသိစိတ်တစ်နေရာက
မသိစိတ်တစ်နေရာက
တမ်းတစွာလိုချင်မိပါတယ်....
မဖြစ်နိုင်တော့ဘူးဆိုပေမယ့်
အသည်းတစ်နေရာက
အသည်းတစ်နေရာက
မဝံ့ရဲစွာတောင်းတနေမိတယ်....
မဆုံနိုင်တော့ဘူးထင်ပေမယ့်
နှလုံးသားရဲ့ ....
အနက်ရှိုင်းဆုံးတစ်နေရာက
ရူးသွပ်စွာ၊ပြင်းပြစွာ...
ဆုံနိုင်ခွင့်ကိုတမ်းတရင်း.....
နှလုံးသားရဲ့ ....
အနက်ရှိုင်းဆုံးတစ်နေရာက
ရူးသွပ်စွာ၊ပြင်းပြစွာ...
ဆုံနိုင်ခွင့်ကိုတမ်းတရင်း.....
Posted by သူငယ်ချင်းများဆုံဆည်းရာ at 9:40 AM 0 comments
♥♥ချစ်သူ....
ဟိုစဉ်ကစကား
အခုတော့မေ့ထားခဲ့ပြီလားကွယ်......♥♥
♥♥ဖြစ်နိုင်ရင်သနား...
ရင်တွင်းခံစားပြီး
တစ်ချက်လောက်တော့ငဲ့ကြည့်သင့်ပါတယ်.....♥♥
♥♥ဒီမောင်လူဆန်း
စိတ်ကကြမ်းပေမယ့်
သူ့ အသည်းကနုတယ်ကွယ်......♥♥
Posted by သူငယ်ချင်းများဆုံဆည်းရာ at 9:26 AM 0 comments
Subscribe to:
Posts (Atom)
ချစ်သူတိုင်းညားကျပါစေ
ကမ္ဘာပေါ်မှာရှိတဲ့
ချစ်သူတိုင်း
အချစ်စစ်အချစ်မှန်နဲ့
သက်ဆုံးတိုင်
ရိုးမြေကျပေါင်းနိုင်ပါစေ.....
မျှဝေပေးကြပါ
ကဗျာကောင်းလေးများကို
ဒီဆိုဒ်ကလေးအတွက်
မျှဝေပေးကြပါလို့
ပြောချင်ပါတယ်
မေးလ်ကတော့
nyeinwinhtut@gmail.com
ပါခင်ဗျာ.........