ငါ့ကိုကြင်နာမပြပါနဲ့တော့
နင်မကြင်နာတဲ့အခါ
ဆို့နင့်တဲ့ ရင်ထဲကနာကျင်မှုကို
မခံစားနိုင်မှာ စိုးမိတယ်။
ငါ့ကိုမနမ်းပါနဲ့တော့
နင်မနမ်းတော့တဲ့အခါ
အလွမ်းချောင်းပြို ပါးပြင်စိုတဲ့ အေးစက်မှုကို
မခံစားနိုင်မှာ စိုးမိတယ်။
ငါ့ကိုနူးညံ့မှုတွေမပေးပါနဲ့တော့
နင်ရက်စက်တဲ့အခါ
တဆတ်ဆတ်ခါတဲ့ ငါ့နှလုံးသားလေးကွဲအက်မှုကို
မခံစားနိုင်မှာ စိုးမိတယ်။
အတွေးတွေ ချာချာလည်လို့
ရုန်းထွက်ဖို့ ကြိုးစားရင်း
မျက်စိလည် လမ်းပျောက်လို့
နင့်ရှေ့ ပဲ ရောက်ရောက်လာတယ်။
တောင်းတဲ့ဆုနဲ့သာ ပြည့်ဝမယ်ဆိုရင်
အမှီအခိုကင်းတဲ့ မြက်တစ်ပင်သာ
ငါဖြစ်လိုက်ချင်ပါတယ်။
မှီခိုမှ နေထိုင်ရှင်သန်ရတဲ့
သဇင်ပန်းတော့ မဖြစ်ပါရစေနဲ့။
မြန်မာဖောင့်လေးနော်
နေ့တိုင်းကြည့်ဖြစ်တာ
ဘယ်အချိန်ရှိပြီလဲ
လာလည်ကြသူများ
ရေးထားသမျှခေါင်းစဉ်များ
- poem (23)
Sunday, April 7, 2013
ချစ်ဖူးခဲ့စေသလား ချစ်တတ်ခဲ့ရဲ့လား
Subscribe to:
Post Comments (Atom)
ချစ်သူတိုင်းညားကျပါစေ
ကမ္ဘာပေါ်မှာရှိတဲ့
ချစ်သူတိုင်း
အချစ်စစ်အချစ်မှန်နဲ့
သက်ဆုံးတိုင်
ရိုးမြေကျပေါင်းနိုင်ပါစေ.....
မျှဝေပေးကြပါ
ကဗျာကောင်းလေးများကို
ဒီဆိုဒ်ကလေးအတွက်
မျှဝေပေးကြပါလို့
ပြောချင်ပါတယ်
မေးလ်ကတော့
nyeinwinhtut@gmail.com
ပါခင်ဗျာ.........
ရေးထားသမျှနဲ့ ဝေဖန်သမျှ
မြန်မာပြက္ခတိန်ကြည့်ရအောင်
Error loading feed.
0 comments:
Post a Comment